စာရေးသူ

အားလုံးမြင်နိုင်ရန်
Patricia Raybon

ပက်ထရစ်ရှာရေဗန်

ပက်ထရစ်ရှာရေဗန် (Patricia Raybon)သည် ခရစ်တော်ကိုယုံကြည်သူများအတွက် ပိုကြီးမားသောတောင်ကြီးများကို ရွှေ့နိုင်ရန်အလို့ငှါ အကူအညီဖြစ်စေသည့် ပေါင်းကူး-တည်ဆောက် စာစဉ်များကို ရေးသားလျက်ရှိသည်။ ဆုရစာရေးဆရာ၊ ဂျာနယ်လစ် တစ်ဦးအနေနှင့် ပက်ထရစ်ရှာသည် ဘုရားသခင်နှင့် လူလူချင်းကို လူတို့ ချစ်ရန် သမ္မာကျမ်း၌အခြေတည်ကာ ခွန်အားပေးလှုံ့ဆော် ရေးသားပေးသည်။ ကျမ်းစာကို ချစ်မြတ်နိုးသူဖြစ်သည့် အလျောက် ကမ္ဘာတစ်ဝှမ်းရှိ ကျမ်းစာဘာသာပြန်သည့် လုပ်ငန်းများကို အားပေးကူညီသည်။ သူမသည် I Told the Mountain to Move၊ My First White Friend၊ သူမ၏ One Year® ဝတ်ပြုကိုးကွယ်ခြင်းစာစဥ် ဖြစ်သည့် God's Great Blessings စာအုပ်များအပြင် Undivided: A Muslim Daughter, Her Christian Mother, Their Past to Peace စာအုပ်ကို ရေးသားခဲ့သည်။ မိခင်တစ်ဦး၊ ဇနီးသည်တစ်ဦးအဖြစ် သူမသည် အငြိမ်းစားကျောင်းဆရာကြီးဖြစ်သည့် ခင်ပွန်းသည် ဒန် နှင့်အတူ သူမ၏ဇာတိမြေ အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်တွင် နေထိုင်သည်။ ပက်ထရစ်ရှာအား patriciaraybon.com တွင် သိကျွမ်း တွေ့ဆုံနိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ ပက်ထရစ်ရှာရေဗန်

မေရှိယအား မျှော်လင့်ပါ

ကားစက်နှိုးမရသဖြင့် ပြင်ပေးရန် ရောက်လာသည့် ကားပြင်ဆရာက အသက်ငယ် ပုံရသည်၊ တော်တော် ငယ်ပါသည်။ ‘‘သူက ကလေးပဲရှိသေးတယ်’’ ဟု ကျွန်မ၏ခင်ပွန်း ဒန်က ကျွန်မကို တီးတိုးပြောလိုက်ပြီး မယုံမကြည်ဖြစ်နေသည်။ လူငယ်လေးကို သူ မယုံကြည်မှုက သခင်ယေရှု မည်သူမည်ဝါဖြစ်သည်ကို သံသယဝင်နေသည့် နာဇရက် မြို့သားများ၏ ညည်းတွားမှုနှင့် ဆင်တူနေသည်။

တရားဇရပ်၌ သခင်ယေရှုသွန်သင်သည့်အခါ ‘‘သူသည် လက်သမားသား မဟုတ်လော’’ဟု ထိုသူတို့ မေးခွန်းထုတ်ကြသည် (မ ၁၃း၅၅)။ သူတို့သိသည့်သူက အနာငြိမ်းခြင်း၊ သွန်သင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ကြားသိရသောအခါ သူတို့အံ့အားသင့်ကြပြီး အရိုအသေ မဲ့စွာနှင့် ‘‘ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကို လည်းကောင်း အဘယ်မှာရသနည်း’’ ဟု မေးကြသည် (း၅၄)။ သခင်ယေရှုကို ယုံကြည်ရမည့်အစား သခင်ပြသည့် အခွင့်တန်ခိုးအာဏာကြောင့် သူတို့ စိတ်ဆိုးကြသည် (း၁၅၊ ၅၈)။

ကျွန်ုပ်တို့လည်း…

ကျေးဇူးတင်ခြင်းဖြင့် ဘုရားသခင်အား ဂုဏ်ပြုခြင်း

မကြာသေးမီကမှ ကင်ဆာဟု ဆေးစစ်ချက်အဖြေထွက်လာသည့် ကျွန်မခင်ပွန်းဒမ်အား သူ၏ရောဂါအကြောင်းကို ဆရာဝန်မလေးက ပြောပြသည်။ သူ၌စိတ်ပျက်ဝမ်းနည်းသည့် အမူအရာမရှိ။ အပြုံးဖြင့် တစ်နေ့တာကို ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် အစပြုရန် အကြံပြုကာ
‘‘အနည်းဆုံး အရာ (၃)ခုအတွက် ကျေးဇူးတင်ရမယ်နော်’’ ဟုဆိုသည်။ ဆရာဝန်၏ အကြံပြုချက်ကို ဒမ် သဘောတူသည်။ ကျွန်မတို့၏စိတ်နှလုံးအတွက် အားပေးမစမှုခွန်အားကို ကျေးဇူးတင်စွာဖြင့် ဘုရားသခင်၏ကောင်းမြတ်ခြင်း၌ ရှာဖွေရမည်ကို ဒမ် သိသည်။ ‘‘အဘဘုရား၊ ကောင်းစွာ အိပ်စက်အနားယူခဲ့ရခြင်း၊ သန့်ပြန့်သောခုတင်၊ နွေးထွေး သောနေရောင်ခြည်၊ စားပွဲပေါ်ရှိ အစားအသောက်၊ ပြုံးနိုင်သောအခွင့်များအတွက် ကိုယ်တော်ကို ကျေးဇူးတင် ပါတယ်’’ဟု ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် တစ်နေ့တာကို ဒမ် အစပြုခဲ့သည်။

စိတ်နှလုံးပါလျက် ချီးမွမ်းခြင်းဖြစ်ပါသည်။ သို့သော် ၎င်းသည် အသေးအဖွဲအရာများ မဟုတ်ပါလား။ အသက်တာ၏အသေးအဖွဲ အရာများ အတွက် ချီးမွမ်းခြင်းသည် ကြီးမြတ်သော အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် အရေးပါ…

အကူအညီတောင်းခံခြင်း

ပင်ပန်းလွန်းလှသောနေ့တစ်နေ့တွင် အလွန်နောက်ကျမှ သူငယ်ချင်းထံမှ အီးမေးလ် တစ်စောင် ၀င်လာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ကျွန်မဖွင့်မဖတ်ခဲ့ပါ။ အပြင်းအထန် နေမကောင်းဖြစ်နေသည့် ဆွေမျိုးတစ်ဦးကို ကျွန်မ၀င်ကူညီလျက် အချိန်ပို အလုပ်လုပ်နေ ရပါသည်။ လူမှုရေးကိစ္စဖြင့် ကျွန်မမှာ အချိန်မရှိခဲ့ပါ။

သို့သော် နောက်နေ့တွင် ကျွန်မ သူငယ်ချင်း ၏စာကို ဖွင့်ဖတ်သောအခါ “ငါနင့်ကို ဘယ်လို ကူညီပေးနိုင်မလဲ” ဟု မေးထားသည်။ ရှက်စိတ်နှင့် မလိုတော့ဘူးဟု ဖြေလိုက်သည်။ ကျွန်မ သက်ပြင်းရှိုက်ရင်း သူ့မေးခွန်းမျိုး ကျွန်မ ကြားဖူးသည်၊ သိသလိုလို ရင်းနှီးနေကြောင်း ကျွန်မ ခံစားရသည်။

ထိုမေးခွန်းကို သခင်ယေရှုလည်း မေးခဲ့သည်။ ယေရိခေါမြို့ လမ်းမပေါ်မှ မျက်မမြင်တစ်ဦးသည် သူ့ကို အော်ကာ အကူအညီ တောင်းခံခြင်းကို သခင်ယေရှု ကြား သောအခါ ရပ်ကာ မျက်မမြင် ဗာတိမဲအား ဘာကူညီပေးနိုင်မလဲ ဟု မေးခဲ့သည်။…